All translations of this statement (including in Albanian, Arabic, Bahasa Indonesian, Bahasa Malaysian, Burmese, Chinese, Czech, Dutch, English, Farsi, Finnish, French, Georgian, German, Greek, Italian, Japanese, Korean, Norwegian, Polish, Portuguese, Russian, Serbian, Slovenian, Spanish, Swedish, Tigrinya (Eritrea), Turkish, Ukrainian) are available here.

 

ယူကရိန်း နိုင်ငံ အပေါ် ရုရှဖက်ဒရေးရှင်းရဲ့ ရန်စမှုတွေကို အပြင်းထန်ဆုံး ရှုတ်ချပါတယ်။

ကုလသမဂ္ဂပဋိညာဉ်စာတမ်း၏ အပိုဒ် ၂(၄) တွင် “နိုင်ငံတစ်နိုင်ငံ၏ နယ်မြေစိုးမိုးရေး သို့မဟုတ် နိုင်ငံရေးအရ လွတ်လပ်မှုကို ဆန့်ကျင်သည့် သို့မဟုတ် ကုလသမဂ္ဂ၏ ရည်ရွယ်ချက်များနှင့် မကိုက်ညီသော အခြားနည်းဖြင့် ခြိမ်းခြောက်ခြင်း သို့မဟုတ် အင်အားသုံးခြင်းအား” တားမြစ်ထားသည်။ ကုလသမဂ္ဂပဋိညာဉ်စာတမ်း တွင် အတိအလင်း ထည့်သွင်းထားသောခြွင်းချက် နှစ်ခုသာရှိသည်၊ လက်နက်ကိုင်တိုက်ခိုက်မှုဖြစ်ပွားပါက ပဋိညာဉ်စာတမ်း၏ ပုဒ်မ ၅၁ အရ တစ်ဦးချင်း သို့မဟုတ် စုပေါင်းကာကွယ်မှု သို့မဟုတ် ပဋိညာဉ်စာတမ်း၏ အခန်း VII အရ ဆောင်ရွက်နေသည့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှ ခွင့်ပြုချက် များဖြစ်ပါသည်။ ဤခြွင်းချက်နှစ်ခုလုံးသည် လက်ရှိအခြေအနေနှင့် မသက်ဆိုင်ပါ။ အထူးသဖြင့် ရုရှားဖက်ဒရေးရှင်းသည် ယူကရိန်းအပေါ် တစ်ဦးချင်း မိမိကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့် မရှိပါ။

ကိုယ်ပိုင်ပြဌာန်းခွင့်သည် ယူကရိန်းပိုင်နက် Donetsk နှင့် Luhansk တို့ကို ” နိုင်ငံများ” အဖြစ် ဖန်တီးခြင်းအတွက် တရားဝင်အခြေခံမဟုတ်ပါ။ ထို့ကြောင့် ရုရှားဖက်ဒရေးရှင်းမှ ၎င်းတို့၏ အသိအမှတ်ပြုမှုသည် ယူကရိန်း၏ ပိုင်နက်နယ်မြေပိုင်ဆိုင်မှုကို ထင်ရှားစွာချိုးဖောက်ခြင်းဖြစ်ပြီး ဥပဒေသက်ရောက်မှု မရှိပါ။ ဤနယ်မြေများသည် နိုင်ငံများမဟုတ်သောကြောင့်၊ ယူကရိန်းကို တိုက်ခိုက်ကြောင်းတရားမျှတစေရန်အတွက် ရုရှားဖက်ဒရေးရှင်းသည် အဆိုပါနယ်မြေများကိုယ်စား စုပေါင်းကာကွယ်ရေးကို တောင်းဆိုခြင်းမပြုနိုင်ပေ။ အလားတူ ရုရှားဖက်ဒရေးရှင်းသည် ယူကရိန်းပိုင်နက်အတွင်း ဝင်ရောက်စွက်ဖက်မှုမှန်သမျှ မည်သည့်ရည်ရွယ်ချက်အတွက်မဆို အဆိုပါအဖွဲ့အစည်းများ၏ “သဘောတူညီချက်” ကို အားကိုး၍မရပါ။

ယူကရိန်းကို အင်အားသုံးရန် ၎င်း၏တရား၀င်အားကိုးရာအတွက် တရားမျှတမှုမရှိသောကြောင့် ရုရှားဖက်ဒရေးရှင်းသည် ကုလသမဂ္ဂပဋိညာဉ်စာတမ်းပါ အပိုဒ် ၂ (၄) ကို ပြတ်ပြတ်သားသား ချိုးဖောက်ကာ ရန်လိုသည့်လုပ်ရပ်ကို ကျူးလွန်လျက်ရှိသည်။

ထို့အပြင် ဤ ရန်လိုမှု တွင် ရုရှားဖက်ဒရေးရှင်း၏ နိုင်ငံရေး သို့မဟုတ် စစ်ရေးလှုပ်ရှားမှုများကို ထိထိရောက်ရောက် ထိန်းချုပ် သို့မဟုတ် ညွှန်ကြားသူများမှ ကျူးကျော်ရန်လိုမှု ရာဇ၀တ်မှု ကျူးလွန်ခြင်းတွင် ပါဝင်နိုင်သည်။

အပြည်ပြည်ဆိုင်ရာဥပဒေ (jus cogens) ၏ စံနှုန်းဖြစ်သည့် ကျူးကျော်ရန်လိုမှု တားမြစ်ချက်ကို ရုရှားဖက်ဒရေးရှင်း၏ ချိုးဖောက်မှုနှင့်ပတ်သက်၍ ၎င်းတို့၏ တာဝန်ဝတ္တရားများကို ကျေပွန်ရန် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ အား ကျွန်ုပ်တို့ တောင်းဆိုသည်။ ဤ တားမြစ်ချက် သည် ချိုးဖောက်မှုမခွဲခြားဘဲ အကျိုးသက်ရောက်မှု ရှိသည်။ ထို့ကြောင့် ဒီလို ကျူးကျော်ရန်လိုမှု တွေကို တရားဥပဒေနဲ့အညီ ပြေငြိမ်းစေဖို့အတွက် နိုင်ငံများ က ပူးပေါင်းဆောင်ရွက်ရပါမည်၊ ဖြစ်ပေါ်လာသည့် မည်သည့်အခြေအနေမျိုးကိုမဆို ဥပဒေကြောင်းအရ အသိအမှတ်မပြုရပါ၊ ဖြစ်ပေါ်လာသည့် အခြေအနေကို ထိန်းသိမ်းရာတွင် အကူအညီများ မပေးရပါ။

နောက်ဆုံးအချက်အနေဖြင့် ဘီလာရုစ်သမ္မတနိုင်ငံ အပါအဝင် တခြားနိုင်ငံများကို ကျွန်ုပ်တို့ သတိပေးပါသည်၊ နိုင်ငံတစ်နိုင်ငံသည် သူ ပိုင်နက်နယ်မြေကို ရန်လိုမှုကျူးလွန်ရန် အခြားနိုင်ငံတစ်နိုင်ငံကို အသုံးပြုရန် ခွင့်ပြုရာတွင် ထိုနိုင်ငံသည် ကျူးကျော်ရန်လိုမှု လုပ်ရပ်တစ်ခု လုပ်နေပါသည်ဟူ၍ သတ်မှတ်နိုင်သည်။

Dr Anan Alsheikh Haidar
Professor Tatsuya Abe
Dr Constantine Antonopoulos
Professor Masahiko Asada
Dr Danae Azaria
Professor Guimei Bai
Professor Jack M. Beard
Dr Markus P. Beham
Dr Gleb Bogush
Professor Antonio Bultrini
Philippe Blaquier Cirelli
Professor Dr Erika de Wet
Professor Amos O. Enabulele
Dr Gloria Fernández Arribas
Dr Luca Ferro
Professor T.D. Gill
Professor James A. Green
Professor Patrycja Grzebyk
Professor Alonso Gurmendi Dunkelberg
Professor Christian Henderson
Professor Michał Kowalski
Professor Jang-Hie Lee
Dr Marja Lehto
Dr Eliav Lieblich
PD Dr Christian Marxsen
Dr Carrie McDougall
Professor Tadashi Mori
Professor Claus Kreß
Professor Koichi Morikawa
Dr Robert Muharremi
Professor Mary Ellen O’Connell
Professor Inger Österdahl
Dr Federica Paddeu
Professor Anne Peters
Dr Erin Pobjie
Dr Chiara Redaelli
Professor Brad Roth
Professor Dr Tom Ruys
Svit Senković
Dr Michael Smith
Professor Christian J. Tams
Professor Jennifer Trahan
Professor Jure Vidmar
Dr Sharon Weill
Dr Hannah Woolaver

* ဤထုတ်ပြန်ချက်သည် ကော်မတီအဖွဲ့ဝင်များမှ ၎င်းတို့၏ ပုဂ္ဂိုလ်ရေးအရ ဆောင်ရွက်သော ထုတ်ပြန်ပြီး ၎င်းတို့၏ အမြင်များကိုသာ ကိုယ်စားပြုပါသည်။

IMAGE: Photo by Johannes Simon/Getty Images.